Get Mystery Box with random crypto!

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက တောင်ကိုးလုံးရွာနဲ့ ပဲကင်းရွာက | EDM 017's Channel

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက တောင်ကိုးလုံးရွာနဲ့ ပဲကင်းရွာကြား၊ ကင်းရွာအောက်ဘက်က ချင်းတွင်းမြစ်အတွင်းမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ မေလ ၆ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်ကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အဲ့ဒီနေရာဟာ မုံရွာကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းလာရင် ကနီမြို့ အကျော်နဲ့ ကင်းရွာကြား ချင်တွင်းမြစ်ဘေးက ရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကနီနယ်ထဲ ကပိုင်နဲ့ ဝင်းကုန်းတို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးရွာတွေမှာ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/burma-57014997

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017