Get Mystery Box with random crypto!

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မီဒီယာများနှင့် အနုပညာ | EDM 017's Channel

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မီဒီယာများနှင့် အနုပညာရှင်များကို ထိန်းသိမ်းဆောင်ရွက်ရန် ဥပဒေများ ထပ်မံ ထုတ်ပြန်ရန် ပြောဆိုသွားသည်။ အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်တွင် ယမန်နေ့က ကျင်းပသော အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံ စီမံခန့်ခွဲရေးဆိုင်ရာ တရားမဝင် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

လက်ရှိတွင် အချို့မီဒီယာများသည် တစ်ဖက်သတ် မဟုတ်မမှန်သည်များကို ပြောဆို ရေးသား ထုတ်လွှင့်မှုများရှိနေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ရန် လိုအပ်သည့် ဥပဒေများရှိပါကလည်း ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်၍ ထုတ်ပြန်ရန်လိုကြောင်း၊ အနုပညာရှင်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် အနုပညာရှင်များသည် နိုင်ငံရေးတွင် ပါဝင်မှု မရှိကြောင်း၊ အနုပညာသည်များနှင့် ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်ရန်သွားရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1189592004811477&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017