Get Mystery Box with random crypto!

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံထားရသည့် အမျိုးသားဒီမ | EDM 017's Channel

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သဘာပတိဖြစ်သူ ဦးဝင်းထိန်အမှုအား နောက်တစ်ကြိမ်ရုံးချိန်းတွင် နေပြည်တော်အချုပ်ထောင်အနီးရှိ သီးသန့်တရားရုံးတွင် လူချင်းတွေ့ဆုံစစ်ဆေးနိုင်တော့မည်ဟု ၎င်း၏ရှေ့နေဒေါ်မင်းမင်းစိုးကပြောသည်။ အမှုအားစတင်ကြားနာသည့် အချိန်မှစပြီး ယနေ့ မေ၇ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ခုနှစ်ကြိမ်မြောက်ရုံးချိန်းအထိ ဒက္ခိဏခရိုင်တရားရုံးတွင် Video Conferencing စနစ်ဖြင့်သာ ပြုလုပ်ခဲ့သည်။

ဦးဝင်းထိန်၏ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမည်ဟု ရုံးတော်က ချမှတ်ထားပြီး လက်ရှိတွင်ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်တွင်ထိန်းသိမ်းထားသည်။

ဖရွန်းတီးယားမြန်မာ
https://m.facebook.com/story.php?story_fbid=1780966695416590&id=563568467156425

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017