Get Mystery Box with random crypto!

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်း နဲ့ ၃၅ ကြား | EDM 017's Channel

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်း နဲ့ ၃၅ ကြားရှိ မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းရုံးကို မေလ ၆ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး လူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။

အခုချိန်ဟာ မြန်မာ့အာမခံလုပ်ငန်းရုံးမှာ အာမခံ သက်တမ်းလာတိုးတဲ့ လူတွေအများအပြားရှိနေကြပြီး ဗုံးကွဲမှုဖြစ်ပွားခဲ့ပေမဲ့ လုပ်ငန်းမပျက် ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၂ ရက်နေ့ကလည်း အလားတူလက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

DVB TV News
http://burmese.dvb.no/archives/462576

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017