Get Mystery Box with random crypto!

G7 နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ကနေပြီး သိပ်မကြာခင်က ထုတ်ပြန်လိုက | EDM 017's Channel

G7 နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ကနေပြီး သိပ်မကြာခင်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ဘင်း က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး တရုတ်ကို ဖျက်လိုဖျက်ဆီးပြုဖို့ G7 အဖွဲ့ကနေပြီး အားထုတ်နေတာတွေအားလုံးဟာ ကျရှုံးပျက်စီးရမှာသာဖြစ်ကြောင်း ဝမ်ဝင်ဘင်း က ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာ၊ တရုတ်ရဲ့အချုပ်အခြာအာဏာကို အားနည်းစေတာ၊ ဆင်ခြေအမျိုးမျိုးအောက်မှာ တရုတ်ရဲ့ပုံရိပ်ကို ပျက်ပြားစေအောင် ကြိုးပမ်းအားထုတ်တာ စတဲ့လုပ်ရပ်တွေကို သူတို့အနေနဲ့ ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူးလို့ ဝမ်ဝင်ဘင်း က အသိပေးသွားခဲ့ပါတယ်။

(1/2)