Get Mystery Box with random crypto!

G7 အစည်းအဝေးမှာ ပြောဆိုဆွေးနွေးခဲ့သမျှ အကြောင်းအရာတွေဟာ တရုတ်က | EDM 017's Channel

G7 အစည်းအဝေးမှာ ပြောဆိုဆွေးနွေးခဲ့သမျှ အကြောင်းအရာတွေဟာ တရုတ်ကို အကြောင်းမဲ့သက်သက် ပုတ်ခတ်စော်ကားတိုက်ခိုက်တာတွေသာ ဖြစ်နေပြီး သမိုင်းနောက်ကြောင်း ပြန်လှည့် လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်တွေဖြစ်လို့ အခြေအမြစ် ကင်းမဲ့လွန်းကြောင်း ဝမ်ဝင်ဘင်း က ထောက်ပြသွားခဲ့ပါတယ်။

G7 နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ ဆွေးနွေးပွဲမှာ တရုတ်နဲ့ပတ်သက်လို့ ရှင်ကျန်းအရေး၊ တိဘက်အရေး၊ ဟောင်ကောင်အရေး၊ အရှေ့တရုတ်ပင်လယ်အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေကို အဓိကထား ဆွေးနွေးသွားခဲ့ပြီး ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ပါဝင်စေဖို့ကိုလည်း G7 အဖွဲ့က ထောက်ခံသွားခဲ့ပါတယ်။

ရှင်ကျန်း၊ တိဘက်နဲ့ ဟောင်ကောင်အရေးတွေဟာ တရုတ်ရဲ့ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ပြီး ဒိုင်ယူးကျွန်းနဲ့ဆက်နွှယ်ကျွန်းတွေ၊ တောင်တရုတ်ပင်လယ်နဲ့ကပ်လျက် ရေပိုက်နက်တွေက အချုပ်အခြာအာဏာတွေအတွက် တရုတ်ဆီမှာ အခွင့်အရေးဆိုင်ရာ တရားဝင်အခြေခံအချက်အလက် ခိုင်ခိုင်မာမာရှိကြောင်း ဝမ်ဝင်ဘင်း က ပြောကြားသွားခဲ့ပါတယ်။

https://www.facebook.com/599363770175581/posts/3662473017197959/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

(2/2)