Get Mystery Box with random crypto!

မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် | EDM 017's Channel

မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် မြန်မာစစ်တပ် ဝင်ငွေရစေရေးအတွက် လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ထိတွေ့လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ ၁၀ ခုရှိကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။

ဂျပန်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အကူ ပြုနေသလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာဘဲ ကျိုဒိုသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှု ထွက်လာတာပါ။

ဂျပန်နိုင်ငံက ကီရင်း ဘီယာကုမ္ပဏီဟာ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေ ပိုင်ဆိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် မြန်မာ့အဖျော်ယမကာ ကုမ္ပဏီ လီမိတက်နဲ့ မန္တလေး အဖျော်ယမကာ လီမိတက်တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာကို ဥပမာတခုအနေနဲ့ ဖော်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com/a/japan-company-invest-myanmar-junta/5883780.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017