Get Mystery Box with random crypto!

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း UNESC | EDM 017's Channel

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာတင်မာအောင်က DMG သို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြုလုပ်သည့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ညှိုနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိနေသော်လည်း သူမအနေဖြင့် လိုအပ်သည်များကို ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။

လက်ရှိတွင် မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမှာ တဖြည်းဖြည်း ပျက်စီးဆုံးပါးလာနေသည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ပါက ပိုမိုကောင်းမွန်သည့် ထိမ်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

Development Media Group
https://m.facebook.com/story.php?story_fbid=2009460555873012&id=466648543487562

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017