Get Mystery Box with random crypto!

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ | EDM 017's Channel

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

TNLA တအာင်းပလောင်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က “မနေ့ကတော့ ဒီ ကွတ်ခိုင်မြို့နယ် နမ့်ဟူးနဲ့ နောင်ချိုရွာကြားမှာ ဖြစ်တယ်။ အချိန်ကတော့ နေ့လယ် ၂ နာရီ ၅၀ လောက်ကနေ ၆ နာရီခွဲအထိ ဖြစ်တယ်။ တပ်ဘက်ကတော့ တပ်မ ၃၃ ခမရ ၁၂ ဖြစ်တယ်။ ကျနော်တို့ ၃ ဖွဲ့ရှိတဲ့နေရာကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တော့ ဖြစ်တယ်။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။” လို့ပြောပါတယ်။

ဒီဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

VOA Burmese
https://burmese.voanews.com/a/myanmar-army-tnla-mndaa-aa-fighting/5883840.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017