Get Mystery Box with random crypto!

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲ ရောက်လာတဲ့ ကရင်စစ်ဘ | EDM 017's Channel

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲ ရောက်လာတဲ့ ကရင်စစ်ဘေးဒုက္ခသည်တွေထဲက ရာဂဏန်းလောက်ကို ထိုင်းဘက်က မေလ ၉ ရက်နေ့က မြန်မာပြည်ဘက်ကို ပြန်ပို့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ဘေးရှောင် ထောင်ဂဏန်းထဲက ရာဂဏန်းလောက်ကို ထိုင်းဘက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး မေလ ၉ ရက်နေ့ကစပြီး နေရပ်ပြန်ပို့နေပါတယ်။

ကရင်ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ်လတုန်းက စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထောင်နဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးလာပေမယ့် ထိုင်းနိုင်ငံဘက်က အဝင်မခံတာကြောင့် သံလွင်မြစ်ကမ်းနားမှာပဲ နေထိုင်နေကြရပါတယ်။ ဒါပေမယ့် တချို့ဒုက္ခသည် အနည်းငယ်ကိုတော့ ထိုင်းဘက်က လက်ခံပေးထားတာ ရှိပါတယ်။

VOA Burmese
https://m.facebook.com/story.php?story_fbid=10159131335755170&id=351574300169

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017