Get Mystery Box with random crypto!

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အဝင်အထွက်တွင် စစ်​ကောင်စီတပ်များက | EDM 017's Channel

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အဝင်အထွက်တွင် စစ်​ကောင်စီတပ်များက မိုင်းများ​ထောင် ထားပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်လိုက်​ကြောင်း Chinland Defense Force_Hakha က ​ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် စစ်​ကောင်စီသည် အများပြည်သူနှင့်သက်ဆိုင်သော ဟားခါးတက္ကသိုလ်အပါအ၀င် ဘဏ်နှင့် ဟားခါးမြို့အ၀င်အထွက် လမ်း၊ ရွာလမ်းများတွင် လူ့အသက်ကို သေစေနိုင်သော နင်းမိုင်းများထောင်ထားသည်ကို ပြည်သူဘက်မှ ရပ်တည် ပေးသောအတွင်းလူ၏ သတင်းပေးချက်အရ သိရှိရ​ကြောင်း ​ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထောင်ထားသော မိုင်းများ‌ကြောင့် အသက်အန္တရာယ်များထိခိုက်နိုင်သောကြောင့် တောထွက်ခြင်းများ ရှောင်ရှားကြရန်နှင့် ထိခိုက် သေဆုံးမှုများရှိပါက အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်၊ တရားခံသာဖြစ်‌ကြောင်း ကြိုတင်အသိပေးအပ်သည်ဟု ​ရေးသားထားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1193339097770101&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017