Get Mystery Box with random crypto!

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌက နိုင်ငံရေးပြဿနာကို လက်နက် | EDM 017's Channel

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌက နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းဖို့ကြိုးစားတာ ဝမ်းနည်းကြောင်းနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်းလိုက်နာဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာဟာ အဖွဲ့အစည်းရဲ့ သဘောဆန္ဒမဟုတ်ပဲ တသီးပုဂ္ဂလအမြင်သာဖြစ်တယ်လို့ ကေအန်ယူတပ်မဟာ ခေါင်းဆောင်တွေက တုံ့ပြန်လိုက်ကြပါတယ်။ သူတို့က NCA အတိုင်းဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

"အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း NCA အတိုင်းသွားနေတာ ကျနော်တို့ ၁၀ နှစ်လောက်တော့ ရှိပြီပေါ့နော်။ ၂၀၁၂ ကနေအခု ၂၀၂၁ ဘာမှအခွင့်ရေး မရခဲ့ဘူး။ NCA အတိုင်းသွားတယ်လို့သာပြောတယ်၊ ကျနော်တို့ တင်ပြတဲ့အခွင့်ရေးမှန်သမျှ အားလုံးပယ်ချခံရတယ်။ ပြီးရင် တပ်ချင်းတွေ့ဖို့တောင် လက်ခံလို့ မရတာ NCA သွားဖို့က ပိုအလှမ်းဝေးတာပေါ့" လို့ ကေအန်ယူတပ်မဟာ(၁) သထုံခရိုင်အတွင်းရေးမှူး ဖဒိုစောစိုးမြင့်က ပြောပါတယ်။

VOA Burmese
https://burmese.voanews.com/a/knu-chairman-statement-not-representing-all-knu-/5887404.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017