Get Mystery Box with random crypto!

တပ်မတော် အရန်အင်အားသို့ ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပ | EDM 017's Channel

တပ်မတော် အရန်အင်အားသို့ ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အသစ်ပေါ်ပေါက်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီမှ မနေ့က ကြေညာခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်အခါ ပြည်ထဲရေးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုး ထွဋ်က တာဝန်ယူပြီးနောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုလည်း ပြည်ထဲရေးအောက်သို့ ပြန်ထည့်လိုက်သည့်အခါ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနသည် အခွံသာကျန်တော့သည့် ဝန်ကြီးဌာနတခု ဖြစ်နေသည်။

NLD အစိုးရ လက်ထက်တွင် ကာကွယ်ရေး ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မြင့်နွယ်ကို မူလ စစ်ဘက် တာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်လင်းထွန်းကို ကာကွယ်ရေး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း သိရသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/12/241729.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017