Get Mystery Box with random crypto!

အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မေ ၇ ရက်နေ့အထိ ဘဏ် | EDM 017's Channel

အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မေ ၇ ရက်နေ့အထိ ဘဏ်ခွဲတွေနဲ့ ATM စက်တွေကနေ ငွေသားထုတ်ယူ၊ ပေးသွင်းမှုစာရင်းတွေကို လျှို့ဝှက်အဆင့်သတ်မှတ်ပြီး ဖြည့်စွက်ပေးဖို့ ဘဏ်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားလိုက်ပါတယ်။

ကြေညာထားတဲ့ကာလအတွင်း လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေရဲ့ ငွေသားထုတ်ယူမှု၊ ပေးသွင်းမှုတွေကိုမေ ၁၄ ရက်နောက်ဆုံးထားပြီး ဗဟိုဘဏ်ထံ ပေးပို့ရမယ်လို့လည်း အဲဒီကြေညာချက်က ဆိုပါတယ်။

ပေးပို့ရမယ့်စာရင်းတွေကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ ကုမ္ပဏီတစ်ခုချင်းစီနဲ့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ ငွေသားထုတ်ယူမှုနဲ့ ပေးသွင်းမှုစာရင်းနဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ စာရင်းပြောင်း (Transfer) နဲ့ စာရင်းရှင်း (Clearing) ဆောင်ရွက်ချက်တွေကိုပါ ပေးပို့ရမယ်လို့ ပါရှိပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017