Get Mystery Box with random crypto!

လာမည့် ဇွန် ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးမည့် (၂၇)ကြိမ်မြောက် အောင | EDM 017's Channel

လာမည့် ဇွန် ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးမည့် (၂၇)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သော ထီဖွင့်ရက်မှာ မေ ၁ ရက်ဟု ပါရှိနေသည့်အတွက် ပြည်သူများအကြားဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

“မေ ၁ ရက်မှာဖွင့်မယ်ဆိုတော့ ထီလက်မှတ်အဟောင်းတွေ ပြန်ရောင်းနေတာလားပေါ့။ ဒီတော့ နားလည်မှုတွေလွဲကုန်တာပေါ့။ ဒီနေ့ သတင်းစာမှာ ကြေညာပေးထားတာတော့ ထီလက်မှတ်မှာပါတဲ့ ဖွင့်မယ့် လနဲ့ရက် မှားနေတဲ့အစား ဇွန်တစ်ရက်လို့ ပြင်ဆင်သတ်မှတ်ပါသည်ဆိုပြီးတာကို အသီးသီးပြောင်းလဲဖွင့်လှစ်ပေးသွားပါမည်ဆိုတော့ ရုတ်တရက် ဇဝေဇဝါတွေဖြစ်ကုန်တာ။ မှားယွင်းနေတာကို မှားယွင်းနေတယ်လို့ တည့်တည့်ရေးပြီး ထုတ်ပြန်ပါလားဗျာ” ဟု ထီကံစမ်းသူ ပြည်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အောင်ဘာလေထီ ကိုယ်စားလှယ်တစ်ဦးက“ အဲ့ဒီဟာက ထီဖွင့်ပွဲကို နောက်ဆုတ်တာမဟုတ်ဘူး။ ထီလက်မှတ်မှာ ရိုက်နှိပ်ထားတဲ့ ရက်တွေက မှားနေတော့ စကားတွေ အရမ်းပြောနေရတယ်" ဟု ဖြေသည်။

Mizzima - News in Burmese
https://m.facebook.com/story.php?story_fbid=4372478226120382&id=216265185075061

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017