Get Mystery Box with random crypto!

တယ်လီနော် မှ မိုဘိုင်းဒေတာအတွက် အခမဲ့သုံးစွဲခွင့်ပေးထားရာမှ လာ | EDM 017's Channel

တယ်လီနော် မှ မိုဘိုင်းဒေတာအတွက် အခမဲ့သုံးစွဲခွင့်ပေးထားရာမှ လာမည့် မေလ ၁၄ရက်မှစတင်၍ ကျသင့်ငွေကောက်ခံမည့်အကြောင်း အသိပေးစာတိုပေးပို့သည်ကို သိရသည်။ အော်ပရေတာအား ဖုန်းဆက်မေးမြန်းကြည့်ရာအောက်ပါအတိုင်းဖြေကြားပေးသည်။

များမကြာမီက မိုဘိုင်းဒေတာများကို Whitelist ဖြင့် ပြန်လည်ဖွင့်ထားပေးခဲ့ရာ လက်ရှိတွင်မူ အခမဲ့ အင်တာနက်အသုံးပြုခွင့်ပေးထားပြီး ကျသင့်ငွေ ပြန်လည်ကောက်ခံမည့်အကြောင်းကို စာတိုပို့အကြောင်းကြားခြင်း ဖြစ်ပါလိမ့်မည်ဟု ဆိုသည်။ Whitelist ဖြင့် အသုံးပြုခွင့်ပေးထားသည်များတွင် Office 365, Banking ဝန်ဆောင်မှုများ၊ Google API များနှင့် အခြားသတ်မှတ်ပေးထားသည်များပါဝင်ပြီး လူသုံးများသည့် လူမှုကွန်ရက်များကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017