Get Mystery Box with random crypto!

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကေ | EDM 017's Channel

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီတပ်၏ သီးမူထာနဲ့မယ်ရထာစခန်း ၂ ခုကို ကေအန်ယူ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် နောက်ထပ် စခန်း ၄ ခုမှာ လက်နက်နဲ့ ကျည်ဆံတချို့ ထားခဲ့ပြီး စစ်တပ်က အခိုင်အမာ ခြေကုတ်ယူထားတဲ့နေရာတွေက ဆုတ်ခွါသွားခဲ့ကြောင်း ကေအန်ယူတပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက အခုလိုပြောပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ နယ်ခြားစောင့်တပ် BGF တွေလည်း ကေအန်ယူကို ထိုးစစ်ဆင်တာတွေရှိနေပြီး ဖာပွန်အောက်ပိုင်းမှာ နှစ်ဘက်ထိတွေ့မှုတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

VOA Burmese
https://burmese.voanews.com/a/knu-kayin-myanmar-military-conflict/5887541.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017