Get Mystery Box with random crypto!

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း နယ် | EDM 017's Channel

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မိုင်တိုင် အမှတ် (၅၁) အနီးတွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က နယ်ခြားစောင့်ရဲတပ်နှင့် အာဆာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဆာတစ်ဦးသေဆုံးသွားခဲ့သည်ဟု  သတင်းရရှိသည်။

“အာဆာအဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ကြတာပါ။ အာဆာအဖွဲ့က အလောင်းတစ်လောင်းနဲ့ သေနတ်တစ်လက်ရပါတယ်။ နယ်ခြားစောင့်အဖွဲ့ကလည်း ရဲတပ်သားတစ်ယောက် ဒဏ်ရာရပါတယ်။ အဲဒီ ရဲသားမှာတော့ ခါးမှာနှစ်ချက်၊ လက်မောင်းမှာ နှစ်ချက်၊ လေးချက် ဒဏ်ရာရသွားတယ်” ဟုပြောသည်။ ဒဏ်ရာရရှိသွားသော ရဲသားအား မောင်တောဆေးရုံသို့  ယူဆောင်သွားသည်ဟု သူကဆက်ပြောသည်။

Narinjara
https://burmese.narinjara.com/news/detail/609bb7957ac0b1046055f315

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017