Get Mystery Box with random crypto!

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဖိအားအမြောက်အမြားနဲ့ ကြုံတွေ့နေရတဲ့ | EDM 017's Channel

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဖိအားအမြောက်အမြားနဲ့ ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့လယ်ခေါင်က Sule Square အဆောက်အအုံမှာ ရုံးနေရာငှားရမ်းထားတဲ့ နိုင်ငံတကာလုပ်ငန်းကြီးအချို့ အခုဆိုရင် ရွှေ့ပြောင်းနေကြသလို၊ အချို့လုပ်ငန်းတွေကတော့ ငှားရမ်းမှုတွေကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့လည်ကောင်မှာရှိတဲ့ Sule Square ဟာ စစ်တပ်က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ တည် ဆောက်ထားတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာအဖွဲ့က ပြောဆိုထားပါတယ်။

Sule Square က ရုံးခန်းနေရာ ငှားရမ်းထားသော McKinsey & Company ကတော့ ၂၀၂၁ ခုနှစ် အစောပိုင်းမှာဘဲ ၄င်းတို့ရဲ့ ငှားရမ်းမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။။ Coca-Cola ကလည်း လာမယ့် ဇွန်လလယ်ပိုင်းမှာ သူတို့ရဲ့စာချုပ်သက်တမ်း ပြည့်မှာ ဖြစ်ပြီး ထပ်ပြီးမငှားတော့ဘူးလို့ အီးမေလ်းမှတဆင့် ပြောကြားထားပါတယ်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1193718247732186&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017