Get Mystery Box with random crypto!

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါဝင်သည့် 'ယခု ပညာသင်နှစ | EDM 017's Channel

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါဝင်သည့် "ယခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် မလျှောက်သူများကို နောင်ပညာသင်နှစ်များတွင် ပုံမှန်နေ့ကျောင်းသားအဖြစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တက်ရောက်ခွင့်ပြုမည်မဟုတ်" ဆိုသည့် အကြောင်းအရာမှာ နှစ်စဉ်ထုတ်ပေးသော စာအုပ်များ၌ အမြဲထည့်သွင်း‌ထားခဲ့ပြီး ယခုမှထပ်တိုးထည့်ထားခြင်းမျိုးတော့ မဟုတ်ပါ။

အဆိုပါ သတ်မှတ်ချက်မှာ ပညာသင်နှစ်တစ်ခုအတွက် စာအိတ်ထုတ်ပေးရာ ‌ကျောင်းလျှောက်ခြင်းမရှိပါက နောင်ပညာသင်နှစ်တွင် နေ့ကျောင်းသားအဖြစ်လက်ခံတော့မည်မဟုတ်ဘဲ အဝေးသင်အဖြစ်သာ ပညာသင်ယူနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သိနားလည်သူများက ပြောပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017