Get Mystery Box with random crypto!

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ | EDM 017's Channel

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဒေါ်နီနီမေမြင့်၏ သားဖြစ်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တဆင့်လွဲပြောင်းပေးခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

"ဖမ်းသွားတာကတော့ သေချာတယ်။ သူ့ကိုဖမ်းသွားတယ်ဆိုတဲ့အကြောင်းကို သူ့အစ်မက ကျနော့်ကိုလာပြီးဖုန်းဆက်တယ်။ သားလေးကို ကျောင်းသွားပို့တဲအချိန်မှာပေါ့။ ကလေးကို လာပို့သွားတယ်လို့ပြောတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ဖမ်းသွားတာ"ဟု ဒေါ်နီနီမေမြင့်၏ ခင်ပွန်းဖြစ်သူကပြောသည်။

Western News
https://m.facebook.com/story.php?story_fbid=288880289585149&id=102405104899336

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017