Get Mystery Box with random crypto!

မေလ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က အမေရိကန်ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို ငွ | EDM 017's Channel

မေလ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က အမေရိကန်ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို ငွေလဲကောင်တာတွေကတစ်ဆင့် ရောင်းချပေးသွားမယ်လို့ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတွေထံက သိရပါတယ်။ ဒီလိုရောင်းချပေးရာမှာ ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ရောင်းဈေးအတိုင်း တစ်ဒေါ်လာကို ၁၆၄၅ ကျပ်နဲ့ ဝယ်ယူသူ တစ်ဦးကို ဒေါ်လာ ၁၀၀၀စီ စတင်ဖြန့်ဝေရောင်းချသွားမယ်လို့ သိရပါတယ်။

အရင်က ပုဂ္ဂလိက ဘဏ်တွေကိုသာ ဈေးပြိုင်လေလံစနစ်နဲ့ ရောင်းချခဲ့ရာကနေ အခု ပထမဆုံး အကြိမ်အဖြစ် Money Changer တွေကို ဒေါ်လာရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ဒီလို Money Changer တွေကတဆင့် ဒေါ်လာရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မူကြောင့် ဈေးကွက်အတွင်းမှာ ဝယ်လိုအားများပြီး ဈေးအတက်ကြမ်းနေတဲ့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းဟာ ပြန်လည်ကျဆင်းခဲ့ပါတယ်။

DVB TV News
http://burmese.dvb.no/archives/463498

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017