Get Mystery Box with random crypto!

အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ အသက် ၈၀ အရွယ် ဦးဝင်းထိန် | EDM 017's Channel

အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ အသက် ၈၀ အရွယ် ဦးဝင်းထိန်က သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ္မဋ္ဌာန်းပွားများနေသူဖြစ်တဲ့အတွက် သေမယ်ဆိုလည်း သေရဲသွားပြီလို့ ပြောကြားခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ဦးဝင်းထိန်အနေနဲ့ နေပြည်တော်အချုပ်ထောင်အတွင်း ကောင်းမွန်စွာနေရပြီး အစစအရာရာ အဆင်ပြေပါတယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။ ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးနောက်တစ်ကြိမ်ရုံးချိန်းကိုတော့ မေလ ၂၈ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

DVB TV News
http://burmese.dvb.no/archives/463846

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017