Get Mystery Box with random crypto!

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင | EDM 017's Channel

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်မြို့မှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ မြန်မာစစ်တပ်နဲ့ ထိုင်းနိုင်ငံကပူးပေါင်းပြီး နည်းလမ်းတွေ ရှာပေးနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း မစ္စ Burgener က ထိုင်းဝန်ကြီး ပရာယုသ် ချန်အိုချာကိုပြောဆိုခဲ့တယ်ဆိုပြီး ထိုင်းအစိုးရရဲ့ကြေငြာချက်မှာပြောထားပါတယ်။

ထိုင်းအစိုးရဘက်ကလည်း မြန်မာအတွက် အကျိုးရှိမယ့်ကိစ္စတွေကိုနားထောင်ဖို့၊ သတင်းအချက်အလက်တွေ ဝေမျှဖို့ အသင့်ရှိကြောင်း ဝန်ကြီးချုပ်ချန်အိုချာက ပြန်လည်ပြောဆိုခဲ့တယ်လို့လည်း ကြေငြာချက်မှာဖော်ပြပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကိုလည်း သူတို့နှစ်ဦးဆွေးနွေးခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com/a/thailand-pm-meet-with-un--christine-schraner-burgener/5890728.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017