Get Mystery Box with random crypto!

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်များက ရဟတ်ယာဉ် | EDM 017's Channel

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်များက ရဟတ်ယာဉ် ၅ စီးဖြင့် စစ်ကူများ လက်နက်များကို ချပေသွားပြီး ပြည်သူများနေထိုင်ရာ မင်းတပ်မြို့ထဲသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်ကောင်စီတပ်က ရဟတ်ယဥ် ၅ စီး ဖြင့် ၂၇၄ တပ်ရင်းအတွင်းသို့ စစ်ကူများ၊ လက်နက်များ ယနေ့နံနက် ချသွားပေးကြောင်း၊ ယနေ့နံနက်ပိုင်းမှာတင် မြို့ထဲသို့ ၁၅ ကြိမ်ထက်မနည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေကြောင်း၊ အနောက် နတလကျောင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ နေရာယူထားကြောင်း၊အကြမ်းဖက် စစ်ကောင်စီတပ်သားတချို့သည် အနောက် ၄မိုင် ဘုန်းကြီးကျောင်းဘက်ကို တက်သွားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Khit Thit Media
https://www.facebook.com/watch/?v=154172376674357

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017