Get Mystery Box with random crypto!

ဖေဖေါ်ဝါရီလ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကြုံ | EDM 017's Channel

ဖေဖေါ်ဝါရီလ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုဒဏ်ကနေ လွတ်မြောက်အောင် ထွက်ပြေးလာသူတွေကို ထိုင်းအစိုးရက အတင်းအကြပ်ပြန်ပို့မှာ မဟုတ်ဖူးလို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို သောကြာနေ့မှာ ကတိပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် Parayuth ကလည်း ထိုင်းအစိုးရအနေနဲ့ မြန်မာနယ်စပ်က အခြေနေတွေကို အနီးကပ်စောင့်ကြည့်နေတာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ခိုလှုံဖို့နဲ့ ဆေးကုသပေးဖို့ နေရာ အတော်များများမှာ ပြင်ဆင်ထားကြောင်း မစ္စ Burgener ကို ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com/a/thai-pm-promise-not-to-send-refugees-back-home/5891290.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017