Get Mystery Box with random crypto!

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က လက်ရှိပြ | EDM 017's Channel

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က လက်ရှိပြဿနာတွေကို NCA စာချုပ်အတိုင်း ဆွေးနွေးအဖြေရှာဖို့ သဘောထားရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU ထိပ်တန်းခေါင်းဆောင်တဦးက ဒီကိစ္စကို ဗဟိုကော်မတီဝင် အများစုက လက်ခံခြင်း မရှိပါဘူး။ နွေဦးတော်လှန်ရေးကို KNU က အပြည့်အဝ ထောက်ခံပြီး အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။

“ကရင်လူထုမှမဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားအားလုံး ပြည်သူတရပ်လုံးကတော့ စစ်ကောင်စီနဲ့ ပတ်သက်ရင် ပြတ်သားတဲ့ဆုံးဖြတ်ချက် ရှိပြီးသားပါ။ အခု ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုး ပြောသွားတဲ့အချက်က လူထုတော်လှန်ရေးပေါ်မှာ မထိခိုက်ပါဘူး။ ကျနော်တို့သိသမျှ KNU ခေါင်းဆောင်ပိုင်းက လူထုတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရှိပြီးသားပါ။ ပြတ်ပြတ်သားသား အကူညီပေးနေတာ လုပ်နေတာ ထင်ထင်ရှားရှား ရှိပြီးသားပါ” ဟုဆိုသည်။

RFA Burmese
https://www.rfa.org/burmese/program_2/knu-leader-and-military-coup-05142021182751.html/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017