Get Mystery Box with random crypto!

တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု သဘောတူစာချုပ် (အန်စီအေ) ဟာ စစ်က | EDM 017's Channel

တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု သဘောတူစာချုပ် (အန်စီအေ) ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပျက်ပယ်သွားပြီးဖြစ်ပြီး အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေအနေနဲ့ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌဟောင်း၊ လက်ရှိ KNU Concerned Group ရဲ့ နော်စီဖိုးရာစိန်က ပြောပါတယ်။

“NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာ စာချုပ်မပျက်သေးဘူးလို့ ထင်နေကြ တယ်။ လက်တွေ့မှာတော့ NCA ဟာ မရှိတော့ဘူး။ ဘာကြောင့် ကျမဒီလို ပြောနိုင်ရတာလဲ။ NCA လက်မှတ်ထိုးတာ မြန်မာစစ်တပ်ရယ်၊ အရပ်သား အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရယ်။ မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာ ဖြစ်တယ်။ စာချုပ် လက်မှတ်အတူတူ ထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။ စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကားပြောညှိနှိုင်းရမလဲ မေးစရာ ရှိလာတယ်။"

DVB TV News
http://burmese.dvb.no/archives/463915

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017