Get Mystery Box with random crypto!

ယနေ့ ညနေပိုင်း ၃ နာရီ မင်းတပ်ပြည်သူတွေကြုံတွေ့တာနဲ့ပတ်သက်ပြီး | EDM 017's Channel

ယနေ့ ညနေပိုင်း ၃ နာရီ မင်းတပ်ပြည်သူတွေကြုံတွေ့တာနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အခုလိုဖော်ပြထားပါတယ်

မင်းတပ် မြို့ပေါ် မှာနေထိုင်တဲ့ CDM ဝင်ဝင် မဝင်ဝင် CDF မှာ ပါပါမပါပါ ယောက်ျားလေးမှန်သမျှ အကုန် လိုက်ဖမ်းနေတာပါဖြစ်ပြီး အိမ်တွေထဲအထိ တံခါးဖျက်ပြီး ဝင်ဖမ်းနေကြပါတယ်။ရဟတ်ယာဥ်နဲ့ အခေါက် ၃၀ လောက်သယ်ယူပြီး မြို့ထဲ လက်နက်တွေပို့၊ တပ်ဖြန့်နေကြတာပြီး ကျောက်ထုအမြှောက်တပ်ကနေလဲ အဆက်မပြတ်အမြှောက်နဲ့ပစ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စှတပ်ကလည်း လက်နက်ကြီး၊ စနိုက်ပါနဲ့ မြို့ထဲဝင်လာပြီး ပြည်သူတွေကို တောက်လျှောက်ပစ်ခတ်နေပါတယ်။ကလေးသူငယ်တွေပါ ခြေထောက်မှာ၊ ခေါင်းမှာ ဒဏ်ရာရကြပြီး ဆေးကုသမှုခံယူနိုင်ခြင်းမရှိပါဘူး။ စံ​​ပြရပ်ကွက် ဝန်ထမ်းအိမ်ရာ ထဲမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရ ပြည်သူတွေ ရှိပါတယ် လို့လည်း ပြောပါတယ်။

Zalen
https://m.facebook.com/story.php?story_fbid=3058385094382341&id=1722606901293507

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017