Get Mystery Box with random crypto!

မေ ၂၄ရက်နေ့ (ဒီနေ့) မှာပဲ အလုံအမှတ်(၄)ကျောင်း ဗုံးပေါက်ကွဲမှုန | EDM 017's Channel

မေ ၂၄ရက်နေ့ (ဒီနေ့) မှာပဲ အလုံအမှတ်(၄)ကျောင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အနီးမှာရှိတဲ့ ပြည်သူအချို့ကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးပြီးတဲ့အချိန်ကနေ အခုထိ ဖမ်းဆီးခံရတဲ့ အမျိုးသား ၄ယောက်ရဲ့ သတင်းတွေဟာ လူမှုကွန်ရက်ပေါ် သို့ ဓာတ်ပုံနဲ့တကွ ပြန်နှံ့လာခဲ့ပါတယ်။ အမျိုးသား ၄ယောက်အနက်မှ ကိုထက်အောင်ခိုင်စိုး ပုံမှာ ပို၍ ပြန့်နှံ့​နေပြီး ပုံနှင့်အတူ သေဒဏ်ချမှတ်ခံလိုက်ရကြောင်းကို Facebook သုံးစွဲသူ အတော်များများ ဖြန့်ဝေလာကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တွေးပြီးမှ ယုံက အချက်အလက်စစ်ဆေးခဲ့ရာရာ ကာယကံရှင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သတင်းမှားဖြစ်ကြောင်း အတည်ပြုထားတာတာကိုတွေ့ရှိခဲ့ရပါတယ်။ သေဒဏ်သတင်းမှား ဖြန့်ဝေမိသူ‌တွေကလည်း သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်တင်ပေးပါတယ်။

အခုလို ရင်းမြစ်ကို ​ဖော်ပြမထားတဲ့ သတင်း​တွေဟာ မကြာခဏဆိုသလို ပျံ့နှံ့​နေပြီး လူတွေက သတင်းကို မှန်မမှန် မစစ်ဆေးနိုင်တော့ပဲ မျှဝေမိနိုင်ပါတယ်။

တွေးပြီးမှယုံ
https://m.facebook.com/story.php?story_fbid=1661692780697440&id=598185483714847

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017