Get Mystery Box with random crypto!

ပီကင်းရဲစခန်းမှ ရဲများ လက်နက်ချပြီး ကယန်းပြည်သစ်အဖွဲ့ထဲပူး​ပေါ | EDM 017's Channel

ပီကင်းရဲစခန်းမှ ရဲများ လက်နက်ချပြီး ကယန်းပြည်သစ်အဖွဲ့ထဲပူး​ပေါင်းတယ်ဆိုတဲ့ သတင်းမှားဟာ မေ ၂၄ ရက်​နေ့ (ဒီ​နေ့) ရဲ့ ​ည​နေပိုင်း​က​နေ စတင်ပြီး ပျံ့နှံ့ကြောင်းသိရပါတယ်။

ကယားပြည်နယ်ရဲ့ ပြည်သူ့တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး သတင်း​မှန်တွေကို စဥ်ဆက်မပြတ်တင်ဆက်​ပေး​နေတဲ့ Karenni Guys က​နေ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းအမှား တစ်ခုသာဖြစ်​နေ​ကြောင်း မျှ​ဝေအသိ​ပေးထားပါတယ်။
ဒါ့အပြင် ​ကယားပြည်မှ ​တော်လှန်​ရေးအင်အားစုဖြစ်တဲ့ တိုးတက်​သောကရင်နီပြည်သူ့အင်အားစု – PKPS ရဲ့ Facebook Page က​နေလည်း ဒီသတင်းဟာ သတင်းမှား တစ်ခုသာဖြစ်​ကြောင်း မျှ​ဝေထားပါတယ်။

ကယားပြည်နယ်ရဲ့ သတင်း​တွေကို စဥ်ဆက်မပျက် သိချင်ရင်လည်း
Karenni Guys Page – https://www.facebook.com/karenniguys/
တိုးတက်​သောကရင်နီပြည်သူ့အင်အားစု – PKPS – https://www.facebook.com/ProgressiveKarenniPeopleForce/
​​တွေမှာ ​​စောင့်ကြည့်နိုင်ပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017