Get Mystery Box with random crypto!

မေ၊ ၂၄ ရက်​နေ့ (မ​နေ့) က အာဏာသိမ်းစစ်​ကောင်စီက​နေ ဖမ်းဆီးထားတဲ | EDM 017's Channel

မေ၊ ၂၄ ရက်​နေ့ (မ​နေ့) က အာဏာသိမ်းစစ်​ကောင်စီက​နေ ဖမ်းဆီးထားတဲ့ ​နိုင်ငံ​တော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ​နေပြည်​တော်​ကောင်စီဥက္ကဌ ​ဒေါက်တာမျိုး​အောင်တို့ကို ​နေပြည်​တော်ရှိအထူးတရားရုံးမှာ ရုံးထုတ်စစ်​ဆေးခဲ့ပါတယ်။ ရုံးထုတ်စစ်​ဆေးခဲ့အပြီးမှာပဲ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​ရှေ့​နေ​တွေကို ဖမ်းဆီးသွားပါတယ်ဆိုပြီး သတင်းတချို့ ဖြန့်​ဝေလာခဲ့ကြပါတယ်။ ဒီပို့စ်ကို Phyoe Phyoe နာမည်နဲ့ Facebook သုံးစွဲသူတစ်​ယောက်က သတင်းမှန်၊ သတင်းစုံ အမည်ရှိ Facebook တစ်ခုမှာ စတင်ဖြန့်​ဝေခဲ့တာကို ​တွေ့ခဲ့ရပါတယ်။ ဒီ Group ဟာဆိုရင်လည်း မ​နေ့ကမှ စတင်တည်​​​ထောင်ထားပြီး အဖွဲ့ဝင် ၄၀၀ ​ကျော်ရှိ​နေပါတယ်။

1/2