Get Mystery Box with random crypto!

ဒီသတင်းနဲ့ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမ | EDM 017's Channel

ဒီသတင်းနဲ့ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ သတင်း​တွေကို လုံး​ထွေးပြီး လိုအပ်သလိုပြင် ပုံ​ဖော်ဖြန့်​ဝေထားတာ​ကို ​တွေ့ခဲ့ရပါတယ်။ ယင်းတရားရုံးထုတ်စစ်​ဆေးမှု အပြီးမှာ ပြုလုပ်ခဲ့တဲ့ ​​ရှေ့​နေ​တွေရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာဆိုရင် ​ဒေါက်တာမျိုး​အောင်ရဲ့ ​ရှေ့​နေဦးသိန်းလှိုင်ထွန်း ဖမ်းဆီးခံခဲ့ရတယ်လို့ ​ရှေ့​နေတစ်ဦးဖြစ်သူ ​ဒေါ်မင်းမင်းစိုးက ​ပြောကြားခဲ့ပါတယ်။ ရှေ့​နေဦးသိန်းလှိုင်ထွန်းဟာ စစ်​ကောင်စီက​နေ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမှာ တရားစွဲဆိုထားတဲ့ ၅၀၅(က) နဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီအ​ကြောင်းကို ​အောက်ကလင်ခ့်မှာ ကြည့်ရှု့နိုင်ပါတယ်။

Link– https://www.facebook.com/khitthitnews/videos/886506371954021/ ​

နောက်တစ်ချက်အ​နေနဲ့ မ​နေ့ညတည်းက ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းနဲ့ ပတ်သက်လို့လည်း တရားဝင်မီဒီယာ​တွေမှာ ​ဖော်ပြလာတာမျိုး မ​တွေ့ရ​သေးပါဘူး။ ဒီလို ဖြစ်ရပ်မှန်​တွေကို စိတ်ကူးပုံ​ဖော်မိသလို လုံး​ထွေးဖြန့်​ဝေတတ်ကြတဲ့ သတင်း​တွေဟာလည်း မကြာခဏဆိုသလို ဖြန့်​ဝေတတ်ကြပါတယ်။ ဒီလိုသတင်း​တွေကို ရုတ်တရတ်ကြည့်မယ်ဆိုရင် မှန်သ​ယောင်ရှိ​ပေမဲ့ တကယ့်မှာ​တော့ သတင်းအမှားနဲ့ အမှန်ကို ​ရော​​ထွေးထားတာ ဖြစ်နေပါတယ်။

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/05/25/dasskslawersfakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

2/2