Get Mystery Box with random crypto!

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီးမှာ မြန်မာနိုင်ငံကို | EDM 017's Channel

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရအဖြစ် ဘယ်သူ့ကို အသိအမှတ်ပြုရမလဲ ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သူတို့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ကို မတက်ရောက်ခိုင်းဖို့ ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

NUG အမျိုးသားညီလာခံ အစိုးရအဖွဲ့ကရော၊ အာဏာသိမ်း စစ်ကောင်စီကပါ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကို တက်ရောက်ခွင့်ပေးဖို့ ပန်ကြားခဲ့ကြတာပါ။

ကိုဗစ် ၁၉ ကပ်ရောဂါဆိုးကြီး ကူးစက်ဖြစ်ပွားနေချိန်မှာ ဒီညီလာခံဟာ အရေးပါဆုံး အစည်းအဝေးကြီးတစ်ခုအဖြစ် ယူဆထားကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ပြင်ဆင်ဖွဲ့စည်းဖို့ကိုရော၊ အနာဂါတ်မှာ နောက်ထပ် ဘေးဆိုးအန္တရာယ်ကြီးတွေ ထပ် မကြုံအောင် ကမ္ဘာတဝန်းရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်နည်းတွေကို ပြောင်းလဲကြဖို့ကိုပါ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဘီဘီစီ မြန်မာပိုင်း
https://www.facebook.com/166580710064489/posts/4164834276905759/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017