Get Mystery Box with random crypto!

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TOTAL က မြန်မာစစ်ကောင် | EDM 017's Channel

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TOTAL က မြန်မာစစ်ကောင်စီထံ ငွေပေးချေမှုများကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို မေ ၁၂ရက်က ပြုလုပ်ခဲ့သည့် MGTC ရှယ်ယာရှင်အစည်းအဝေးတွင် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ငွေပေးချေမှုရွှေ့ဆိုင်းရန် Chevron ကလည်း ထောက်ခံခဲ့သည်ဟု သိရသည်။

MGTC ခေါ် မုတ္တမ ဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်တွင် TOTAL အပြင် Chevron နှင့် စစ်ကောင်စီထိန်းချုပ်ခံ Myanmar Oil and Gas Enterprise တို့ပါဝင်ကြသည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို အနှောင့်အယှက်မဖြစ်စေရန်အတွက် ဓာတ်ငွေ့ကိုမူ ဆက်လက်ထုတ်လုပ်သွားမည်ဟု TOTAL ကပြောကြားခဲ့သည်။

Source -
https://www.frontiermyanmar.net/en/total-suspends-gas-linked-cash-payments-to-myanmar-junta/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017