Get Mystery Box with random crypto!

မြန်မာနိုင်ငံ၏အနာဂတ်ကို အာမခံချက်ပေးနိုင်ရန်၊ ပြည်သူလူထုတစ်ရပ် | EDM 017's Channel

မြန်မာနိုင်ငံ၏အနာဂတ်ကို အာမခံချက်ပေးနိုင်ရန်၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝကို အာမခံချက်ပေးနိုင်ရန်အတွက်၊ ကျွန်တော်တို့တိုင်းပြည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှရေးတို့ကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းမှာဖြစ်ပါကြောင်း NUG ဖယ်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ဖွဲစည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဒီမိုကရေစီအင်အားစုများက ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အကြား ရေးဆွဲထားခဲ့တဲ့၊ FCDCC လို့ခေါ်တဲ့ Federal Constitution Drafting and Coordinating Committee က ရေးဆွဲခဲ့တဲ့ ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းကို ကျောရိုးအဖြစ်အသုံးပြုမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

FCDCC ၏ ဒုတိယမူကြမ်း ဖတ်ရှုရန် -
https://drive.google.com/file/d/1PXH0bNMlV3DXwfs9dc14qdBc3ZDf4bkt/view?usp=drivesdk

Source -
https://www.facebook.com/watch/?v=832303737692016

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017