Get Mystery Box with random crypto!

ဂျိုးဖြူပိုက်ကွဲတယ်ဆိုတဲ့ သတင်းမှားကို မေလ ၂၇ရက်နေ့မှာပဲ Myin | EDM 017's Channel

ဂျိုးဖြူပိုက်ကွဲတယ်ဆိုတဲ့ သတင်းမှားကို မေလ ၂၇ရက်နေ့မှာပဲ Myin Tun Naing အမည်ရှိတဲ့အကောင့်ကနေ တင်ထားပါတယ်။ သတင်းထဲမှာဆိုရင် ဒါဟာဆန္ဒပြတာမဟုတ်တော့ဘဲ ရေပိုက်လိုင်းကိုဖျက်ဆီးနေတာဖြစ်ကြောင်း၊ ဖျက်ဆီးလိုက်တာဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေဖြစ်ကြောင်း စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်စကားလုံးများနဲ့ ရေးသားထားတာကိုတွေ့ရှိခဲ့ရပါတယ်။

ပုံရဲ့သတင်းမှန်မှာ Water Resources and Water Supply Authority, YCDC Page က ဧပြီလ ၆ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ ဂျိုးဖြူရေပိုက်လိုင်းပေါက်ခဲ့ကြောင်း၊ ဂျိုးဖြူရေပိုက်လိုင်းကနေ တိုက်ရိုက်သုံးစွဲရတဲ့ မြို့တွေကို ရေပေးဝေမှုပြတ်တောက်ခဲ့ရကြောင်း နဲ့ ဧပြီလ ၇ရက်နေ့တွင် ပြန်လည်၍ ရေပေးဝေနိုင်ကြောင်း ၎င်းရဲ့ Page မှာပုံနှင့်တကွ ဖော်ပြခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီသတင်းမှာ ယူသုံးထားတဲ့ ဓာတ်ပုံဟာ ပုံအဟောင်းသာဖြစ်နေပြီး ရေးသားထားတဲ့ သတင်းမှာလည်း ဝါဒဖြန့်ပြီး တိုက်ခိုက်တဲ့ သတင်းတစ်ခုသာဖြစ်နေပါတယ်။

Source - https://thinkbeforeyoutrust.com/2021/05/27/joephyufakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017