Get Mystery Box with random crypto!

KNU တပ်မဟာ ၈ကို ဧရာဝတီတိုင်းမှာ ဖွဲ့လိုက်ပြီဖြစ်ကြောင်း သတင်းမ | EDM 017's Channel

KNU တပ်မဟာ ၈ကို ဧရာဝတီတိုင်းမှာ ဖွဲ့လိုက်ပြီဖြစ်ကြောင်း သတင်းမှားကို ​မေ၊ ၄ ရက်​နေ့တည်းက စတင်ဖြန့်​ဝေလာကြပြီး အခု ဒီရက်ပိုင်းထဲမှာလည်း ပြန်လည်ဖြန့်​ဝေလာကြတာကို ​တွေ့ခဲ့ရပါတယ်။ ဒီသတင်း​တွေထဲမှာဆိုရင် “ဧရာဝတီတိုင်း၊ ​မြောင်းမြမြို့မှာ ဖွဲ့စည်းပုံအပြည့်၊ ​လေ့ကျင့်​ရေးစွမ်းရည်အပြည့်နဲ့ တပ်ရင်း သုံးခုနဲ့ ဖွဲ့စည်းထားခဲဲ့ပြီ” ဆိုပြီး​ဖော်ပြထားတပါတယ်။ တခြားသတင်း​တွေမှာဆိုရင် Free Burma Ranger များလည်း ဧရာဝတီတိုင်းကို ​ရောက်လာ​ကြောင်း ​ဖော်ပြထားပါတယ်။

ဒီသတင်း​တတွေနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းမှ ကရင်လူမျိုးများရဲ့ သတင်းများကိုသာ ဦးစား​ပေး​ဖော်ပြ​နေသည့် “လွတ်လပ်​သောထီးထာကလုန်းကရင့် မီဒီယာ” မှ KNU ကရင့်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်​မေးမြန်းထားရာ ယင်းတဝန်ရှိသူက သတင်းအမှားသာဖြစ်​ကြောင်း အတည်ပြု​ဖြေကြားခဲ့တယ်လို့ ​ဖော်ပြထားပါတယ်။
https://m.facebook.com/story.php?story_fbid=1383545305345206&id=391472337885846

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/05/29/knutatmahar8fakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017