Get Mystery Box with random crypto!

ကျိုင်းတုံမြို့မှ ဝစီပိတ်ဆရာတော်သည် ကျိုင်းတုံ နှင့် တာချီလိတ် | EDM 017's Channel

ကျိုင်းတုံမြို့မှ ဝစီပိတ်ဆရာတော်သည် ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် လုပ်ကြံခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ မဟုတ်ကြောင်းနှင့် ဆရာတော်သည် မွေးနေ့ပြီးကတည်းက ဘယ်မှမသွားဘဲ ကျောင်းတိုက်မှာပင် ဝစီပိတ်ကျင့်နေခြင်းသာ ဖြစ်ကြောင်း ကပ္ပိယတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

"ဆရာတော်က ကျိုင်းတုံမှာပဲရှိနေတယ်။ ဝစီပိတ် တရားကျင့်နေတယ်။ ကျောင်းထဲမှာပဲ၊ အပြင်မထွက်ဘူး။ တနင်္ဂနွေနေ့ တစ်ရက်ပဲ အပြင်ကိုထွက်တယ်။ ကျန်တဲ့အချိန်က တရားကျင့်နေတယ်။ မိုင်းဖုန်းဆရာတော်က ကပ်လိုက်တဲ့ သင်္ကန်းကိုတောင် ဆရာတော်ထံ သွားပို့ပြီးပြီ"ဟု ဝစီပိတ်ဆရာတော်၏ ကပ္ပိယတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၈)ရက်နေ့ ညပိုင်းက ပြောသည်။

Tachileik News Agency
https://www.tachileik.net/mm/news/26819

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017