Get Mystery Box with random crypto!

မန္တလေး အမှတ်၈ ရဲစခန်းမီးလောင်သည်ဆိုသော သတင်းမှားကို မေလ ၃၀ရက် | EDM 017's Channel

မန္တလေး အမှတ်၈ ရဲစခန်းမီးလောင်သည်ဆိုသော သတင်းမှားကို မေလ ၃၀ရက်နေ့ ညပိုင်းမှာ Sagaing News က တင်ခဲ့ပြီး Facebook သုံးစွဲသူတွေဆီသို့ အများအပြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းထဲမှာဆိုရင် မန္တလေး အမှတ်၈ ရဲစခန်း မိုးကြိုးပစ်ခံရပြီး မီးလောင်နေကြောင်း ပုံများနဲ့တကွ တင်ထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်‌ဆေးသူတွေက စစ်ဆေးဖို့အတွက် မန္တလေး ဒေသခံတစ်ဦးနဲ့ ဆက်သွယ်ခဲ့ရာမှာတော့ ရဲစခန်းမိုးကြိုးပစ်ခံရတာမှာ မှန်​သော်လည်း မီးလောင်ခဲ့တယ်ဆိုတာ မှာမဟုတ်မှန်ကြောင်း ​အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် တခြားလွတ်လပ်တဲ့ တရားဝင်မီဒီယာတွေကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး တင်ဆက်ထားတာမျိုး မရှိပါဘူး။ ဒီသတင်းကို တင်ခဲ့တဲ့ Sagaing News မှလည်း ၎င်းတို့သုံးထားတဲ့ ပုံတွေဟာ မန္တလေးရှိ မြရည်နန္ဒာအတွင်း မီးလောင်နေတဲ့ပုံတွေဖြစ်ကြောင်း၊ မိုးကြိုးထိမှန်တာမှန်အမှန်ဖြစ်ပေမယ့် မီးလောင်သည်မှာ မဟုတ်ကြောင်း Page မှာ ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/05/31/burnpolicestationfakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017