Get Mystery Box with random crypto!

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန် | EDM 017's Channel

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ ဆက်ဆွေးနွေးနိုင်ဖို့၊ အဲဒီလုပ်ငန်းစဉ်တွေ ချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ အပစ်ရပ်ကာလကို ဇွန်တစ်လလုံး ထပ်တိုးလိုက်တယ်ဆိုပြီး တပ်ဘက်ကသတင်းထုတ်ပြန်လာပါတယ်။

အခုလို အပစ်ရပ်ကာလ ထပ်တိုးလိုက်တာဟာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ပြန်ဖွင့်မှာဖြစ်လို့ ကျောင်းသူကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာသင်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် နိုင်ငံလုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တယားတွေကို နှောက်ယှက်တိုက်ခိုက်ချိန်မှအပ တပ်ရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အချိန်တစ်လ ရပ်ဆိုင်းမယ်လို့ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017