Get Mystery Box with random crypto!

တရုတ်မှာ ဝမ်ပေါင်(Wanbao)ကုမ္ပဏီပိုင်စက်ရုံမီးလောင်တာ ၂ ရက်ဆို | EDM 017's Channel

တရုတ်မှာ ဝမ်ပေါင်(Wanbao)ကုမ္ပဏီပိုင်စက်ရုံမီးလောင်တာ ၂ ရက်ဆိုက်တိုက်ရှိပြီဆိုတဲ့ သတင်းအမှားကို လူအများ ရေးသားမျှဝေလာတာကို တွေ့ရပါတယ်။ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သတ္တုတူးဖော်တဲ့ အငြင်းပွားဖွယ်ရာတရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ဒီဓာတ်ပုံအင်တာနက်မှာပျံ့နှံ့ခဲ့မှုမှတ်တမ်းတွေကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာဒီဓာတ်ပုံဟာ AFP သတင်းဌာနမှ ၂၀၁၅ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီ ၈ ရက်က တရုတ်နိုင်ငံ ဖူကျင့်(Fujian)ခရိုင် အရှေ့ပိုင်း ကျောင်းကျိုး(Zhangzhou)မြို့မှာ PX လို့ အများသိတဲ့ ပါရာဆိုင်လင်း (Paraxylene) ထုတ်လုပ်သော စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုကို မီးသတ်သမားများက ငြှိမ်းသတ်နေစ‌ဉ်ကပုံ ဖြစ်ပါတယ်။

Source -
https://myanmar.factcrescendo.com/photo-of-fire-set-on-dragon-aromatics-in-2015-being-shared-as-current-fire-in-wanbao-mining/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017