Get Mystery Box with random crypto!

အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ - အာဆီယံ၏ ဥက္ကဌနှင့် အထွေထွေအတ | EDM 017's Channel

အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ - အာဆီယံ၏ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့က ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံအုပ်စုအနေဖြင့် မြန်မာစစ်တပ်အာဏာသိမ်းမှုကို မည်သို့တုန့်ပြန်မည်ဆိုသည့်အပေါ် ယခုအပတ်တွင် မြန်မာနိုင်ငံသို့လာရောက်ရန်စီစဉ်ထားကြောင်း သံတမန်သတင်းရင်းမြစ်က ပြောကြားကြောင်း သိရသည်။

သတင်းရင်းမြစ်များ၏ သတိပေးပြောကြားချက်အရ အဆိုပါခရီးစဉ်သည် အကြောင်းတစ်ခုခုကြောင့် နှောင့်နှေးမှုများလည်း ရှိနိုင်ကြောင်း သို့မဟုတ် လွဲမှားမှု‌လည်းရှိနိုင်‌ကြောင်း ဆိုသည်။

အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီကို ဆန့်ကျင်သူများနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားခြင်းရှိ၊ မရှိမသိရသေးပါ။ ယခုခရီးစဉ်နှင့်ပတ်သက်၍ NUG ကရော ဘရူနိုင်း၏အာဆီယံမစ်ရှင်ကပါ မှတ်ချက်ပေးရန်တောင်းဆိုမှုကိုတုံ့ပြန်ခြင်းမရှိဟု သိရသည်။

Source -
https://mobile.reuters.com/article/amp/idUSKCN2DD31S

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017