Get Mystery Box with random crypto!

မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲတင်ထားတဲ့အမှုနဲ့ | EDM 017's Channel

မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲတင်ထားတဲ့အမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထပ်ပြီးခုခံချေပဖို့မရှိတော့ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဇွန်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာ ၁၁ရက်နေ့က နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပတာတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ NUG အစိုးရကတော့ နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

DVB TV News
http://burmese.dvb.no/archives/468127

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017