Get Mystery Box with random crypto!

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်ကောင်စီကို နှိမ်နင်းရန်အ | EDM 017's Channel

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်ကောင်စီကို နှိမ်နင်းရန်အတွက် အချိန်တစ်ခု ရောက်လျှင် တိုက်ပွဲခေါ်သံပေးမည်ဖြစ်ကြောင်း ဒေါ်ခင်မမမျိုးက ပြောဆိုသည်။

ယနေ့ NUG အစိုးရ၏ ပထမဆုံးသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ခင်မမမျိုးက ဖြေဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မည်သူက ဦးဆောင်သူက အရေးမကြီးဘဲ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းရေးကသာ အဓိက ကြောင်း၊ နေရာတိုင်းတွင် အကြမ်းဖက်စစ်အုပ်စုနှိမ်နင်းရေး အဖွဲ့များရှိနေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NUG အစိုးရအနေဖြင့် အချိန်ကာလတစ်ခုရောက်လျှင် တိုက်ပွဲခေါ်သံ ပေးမည်ဖြစ်​ကြောင်း၊ ယင်းအချိန်ရောက်လျှင် အကြမ်းဖက် စစ်အုပ်စုနှိမ်နင်းရေး အားလုံးအတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

https://www.facebook.com/385165108587508/posts/1213617482408929/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017