Get Mystery Box with random crypto!

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေ | EDM 017's Channel

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို အယုံအကြည်မရှိကြောင်း NUG အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦးက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ NUG အစိုးရ၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံအနေဖြင့် ၎င်းတို့သဘောတူညီထားသော ၅ ချက်ကို သဘောမတူညီလျှင် စစ်ကောင်စီကို မည်သို့ အရေးယူမည်ဆိုသည်ကို NUG က အာဆီယံအတွင်းရေးမှူးချုပ်ရုံးထံ စာဆက်သွယ်​မေးမြန်းသော်လည်း စာပြန်ကြားခြင်းမရှိကြောင်း ဦးမိုးဇော်ဦးက ပြောဆိုသွားသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေးကိုယ်စားလှယ်ခန့်ထားရေးပင် သဘောထားကွဲလွဲမှုများရှိနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။

https://m.facebook.com/story.php?story_fbid=1213642715739739&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017