Get Mystery Box with random crypto!

လက်ရှိစစ်အာဏာသိမ်းကာလကို ခုတုံးလုပ်ပြီး မဟုတ်မှန်တဲ့သတင်းတွေကိ | EDM 017's Channel

လက်ရှိစစ်အာဏာသိမ်းကာလကို ခုတုံးလုပ်ပြီး မဟုတ်မှန်တဲ့သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတဲ့ Clickbait စာမျက်နှာတွေရဲ့ အန္တရာယ်ဟာလည်း တစ်နေ့တစ်ခြား ကြီးထွားလာပါတယ်။

ယုတ္တိမရှိသည်ကိုသော်လည်းကောင်း၊ ယုတ္တိရှိရှိသတင်းမှားကိုသော်လည်းကောင်း ဖြန့်ကာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူပြီး စီးပွားဖြစ်လုပ်စားလျက်ရှိပါတယ်။ ၎င်းတို့စာမျက်နှာကို Real News Myanmar, Top 5 Myanmar, Entertainment Hot News အစရှိတဲ့ အမည်မျိုးပေးထားလေ့ရှိပြီး လူပြောများပုဂ္ဂိုလ်တွေကိုအသုံးချလျက် Photoshop ပြုလုပ်ထားကာ သတင်းမှားစာသားများထည့်သွင်းထားသည့် ဗီဒီယို Thumbnail ပုံဖြင့် လူစိတ်ဝင်စားမှုကို ရယူလေ့ရှိပါတယ်။

အဆိုပါ Clickbait စာမျက်နှာများမှ တင်သည့် သတင်းမှားများကို လုံးဝမကြည့်ရှုရန်၊ မယုံကြည်ရန်၊ မမျှဝေရန် အထူးလိုအပ်ကြောင်း အသိပေးလိုပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017