Get Mystery Box with random crypto!

စစ်သင်တန်းဆင်းလူငယ်များဟုဆိုကာ ဗီဒီယိုအဟောင်းများကို ယခုလက်ရှိ | EDM 017's Channel

စစ်သင်တန်းဆင်းလူငယ်များဟုဆိုကာ ဗီဒီယိုအဟောင်းများကို ယခုလက်ရှိသဖွယ် သတင်းမှားဖြန့်ဝေနေကြောင်း သိရပါတယ်။ “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး ကြည့်ရှူ့သည့်အကြိမ်အရေအတွက် ၁ ဒသမ ၃ သန်းကျော် ရှိပါတယ်။

အဆိုပါဗီဒီယိုများအား စစ်ဆေးကြည့်ရာ ဒီဗွီဒီယိုတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ပတ်သက်တဲ့ ဗွီဒီယိုအဟောင်း‌တွေဖြစ်တာတွေ့ရပါတယ်။ ရှာဖွေရသမျှ ၂၀၂၀ ခုနှစ်၊ မေလတုန်းက တင်ထားသည့် ဗီဒီယိုတစ်ခု၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တင်ထားသည့် "20 Year Anniversary Video" အမည်ဖြင့် ဗွီဒီယိုတစ်ခုတို့ ဖြစ်ကြကြောင်း သိရပါတယ်။

Source -
https://myanmar.factcrescendo.com/these-videos-are-not-related-with-gen-z-military-training/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017