Get Mystery Box with random crypto!

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ | EDM 017's Channel

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့အမှု ရုံးချိန်းကို ဒီနေ့ ဇွန်လ ၇ ရက်မှာ နေပြည်တော်မှာ ပြုလုပ်ဖို့ရှိပါတယ်။

သူတို့ သုံးဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အမှုတွဲတစ်ခုတည်းစွပ်စွဲခံ တရားရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ခေါက် ရုံးချိန်းမှာတော့ သုံးဦးစလုံးကို ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် အရင်တစ်ခေါက် ရုံးချိန်းတုန်းကတော့ နေပြည်တော်ကောင်စီနယ်မြေထဲက မြနန်းဘုံသာလမ်းမှာရှိတဲ့ သီးသန့်တရားခွင်မှာ အမှုကို ရုံးထုတ်မယ်လို့ ရုံးချိန်းပေးခဲ့တာဖြစ်ပေမဲ့ မေလ ၂၄ ရက်မှာ အမှန်တကယ် ရုံးထုတ်တဲ့အခါ မြနန်းဘုံသာလမ်းထဲမှာ မဟုတ်ဘဲ နေပြည်တော်ကောင်စီရုံးဝင်းထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017