Get Mystery Box with random crypto!

ချင်းတောင်တန်း သာသနာပြုဆရာတော် အရှင်ပညာဇောတသည် မင်းတပ်မြို့မှထ | EDM 017's Channel

ချင်းတောင်တန်း သာသနာပြုဆရာတော် အရှင်ပညာဇောတသည် မင်းတပ်မြို့မှထွက်ခွာစဉ် ချင်းပြည်သူ့ကာကွယ်ရေးတပ်များက သတ်ဖြတ်သည်ဟု ရေရာမှုမရှိသော လူမှုကွန်ရက်သတင်း ကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက ထပ်ဆင့်ဖော်ပြ၍ သတင်းမှားထုတ်ပြန်ထားကြောင်း ဆရာတော်နှင့် အဆက် အသွယ်ရရှိခဲ့သည့် သံဃာတော်တချို့ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက အရှင်ပညာဇောတသည် ဇွန်လ ၇ ရက်နေ့ ဟားခါးတွင် ကျင်းပမည့် သာသနာဆိုင်ရာ စာမေးပွဲဖြေဆိုရန်အတွက် ဇွန်လ ၄ ရက်နေ့ မွန်း တည့် ၁၂ နာရီ ကားဖြင့် ထွက်လာပြီး လမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု သတင်းများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာမှုကို အခြေခံကာ စစ်ကောင်စီဝါဒဖြန့် သတင်းစာက ယင်းသို့ ပြန်လည် ဖော်ပြနေခြင်းဖြစ်သည်။

အဆိုပါ ချင်းဆရာတော်အသတ်ခံရသည်ဆိုသော သတင်းအမှားကို Han Nyein Oo ဆိုသော https://web.facebook.com/Han-Nyein-Oo-104338271564351 မှစတင်၍ သတင်းအမှား စတင်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

Source - https://www.facebook.com/385165108587508/posts/1215897385514272/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017